Posts

အကြင်သူသည် (သိုးဆောင်း)

Image
    လူတစ်ယောက်ကို အဆုံးအဆမဲ့ အချစ်တွေနဲ့ တစ်ဘဝလုံးစာ ချစ်ဖူးလား။??? ဒါဆို ဒီစာအုပ်လေးဖတ်ကြည့်ပါ။ ဒီစာအုပ်မှာတော့ နန်းနွယ်ဆိုတဲ့ သူဌေးလေးက ယမင်းသူဇာလို့ခေါ်တဲ့ အငြိမ့်သမ တစ်ယောက်ကို ချစ်မိသွားရာကနေ စပါတယ်။သူဌေးသား ဘဝကနေ လမ်းဘေးရောက်သွားတဲ့အထိတိုင်အောင် ဒီမိန်းခလေးအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားရမှာပါ။ အငြိမ့်သမလေးရဲ့ ဘဝဇာတ်ကြောင်း ဘာတစ်ခုမှ မသိရဘဲ မြင်မြင်ချင်း ချစ်မြတ်နိုးသွားတဲ့ နန်းနွယ်ဆိုတဲ့ သူဌေးလေးကို အပြစ်မတင်ရက်လောက်အောင် သူ့ရဲ့အချစ်က ပြောင်မြောက်လှတာတွေ့ရပါလိမ့်မယ်။ခန္ဓာကို အသပြာနဲ့ လဲနေတဲ့ ယမင်းသူဇာရဲ့ ဘဝကို သိလိုက်ရတော့လည်း ချစ်ခြင်းမေတ္တာဟာ လျော့မသွားတဲ့အပြင် သူ့ကို ကာကွယ်ပေးချင်စိတ်တွေသာ ပိုလို့လာပါတယ်တဲ့။ဘယ်လောက် မေတ္တာထားနိုင်သလဲ ကြည့်ပါဦး။ ကိုယ်ချစ်ရတဲ့ သူက သူချစ်ရတဲ့လူအကြောင်း တခုတ်တရပြောပြတာကို နားထောင်ဖူးသလား? နန်းနွယ်ကတော့ ယမင်းသူဇာလေးက သူ့ရှေ့မှာ သူချစ်ရတဲ့ သံပျဥ်မင်းသားအကြောင်းကို  တခမ်းတနားပြောဆိုနေတာကို ထိုင်နားထောင်ခဲ့ရပါသတဲ့။ဘယ်လောက် ရင်နာဖို့ကောင်းကြောင်း စာဖတ်သူတို့ တွေ့ရပါလိမ့်မယ်။ အသွေးအသား ရမ္မက်ဆန္ဒ တစိုးတစိမှ မပါဘဲ နှလုံးသားနဲ့ ချစ်တတ်သူတိုင်း